ဖြူး ဧပြီ ၂

 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၌ သီးနှံများအတွက် မြေခံမြေသြဇာနှင့် သဘာဝမြေသြဇာများ အကျိုးရှိစွာ ပေါင်းစပ်သုံးစွဲနိုင်ရေး တောင်သူပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာန သကြားထွက် သီးနှံဌာနခွဲ ဖြူးမြို့နယ် ကြံသီးနှံ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (ညောင်ပင်သာ) ၌ ပြုလုပ်သည်။

 

ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုလတ်က စိုက်ပျိုးရေးဆိုင်ရာ သိကောင်းစရာများ၊ ခြံတာဝန်ခံ ဦးကျော်အောင်က မြေခံမြေသြဇာများနှင့် သဘာဝမြေသြဇာ အကျိုးရှိစွာအသုံးပြုရေး လုပ်ငန်းများ၊ Dr.Farmer(ဖိုးတောင်သူ) မြေသြဇာ ဖြန့်ဖြူးရေးဒေသ တာဝန်ခံ ဦးခင်ဆွေက သီးနှံပင်အတွက် လိုအပ်သော မြေခံမြေပြုပြင် မြေသြဇာများအကြောင်း၊ ဇေယျဝတီ ဆင်ဖြူတော်သကြားစက်မှ ဦးဝင်းနိုင်က တောင်သူများအား ပံ့ပိုးပေးမည့် အစီအစဉ်များကို ဒေသခံတောင်သူများ၊ ခြံဝန်ထမ်းများ၊ ဆင်ဖြူတော်သကြားစက် ဝန်ထမ်းများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)