မတ္တရာ ဧပြီ ၂
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၌ ၂၀၂၆ ခုနှစ်အစိုးရပါဠိ ပထမပြန် စာမေးပွဲ ပဉ္စမနေ့အဖြစ် ယနေ့တွင် အမှတ်(၁)ရပ်ကွက် အောင်မြေသုခကျောင်းတိုက် စာစစ်ဌာနတွင် ဆက်လက်ကျင်းပသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲ ပဉ္စမနေ့၌ ပထမကြီးတန်းတွင် ရှင်ရဟန်း ၂၃ ပါး၊ သီလရှင် တစ် ပါး ပေါင်း ၂၄ ပါး၊ ပထမလတ် တန်းတွင် ရှင်ရဟန်း ၂၈ ပါး၊ သီလရှင်လေးပါး ပေါင်း ၃၂ ပါး၊ ပထမငယ်တန်းတွင် ရှင်ရဟန်း ၂၂ ပါး၊ သီလရှင်နှစ်ပါး ပေါင်း ၂၄ ပါး စုစုပေါင်း အပါး ၈၀ ဝင်ရောက် ဖြေဆိုကြသည်။ အစိုးရပါဠိ ပထမပြန် စာမေးပွဲ ကျင်းပရာသို့ မြို့နယ်သံဃနာယက ဆရာတော် ကြီးများ၊ သြဝါဒါစရိယ ဆရာတော် များ၊ မြို့နယ်စာမေးပွဲကြီးကြပ်ရေး ဆရာတော်များနှင့် အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။ မြို့နယ် စာမေးပွဲကြီးကြပ်ရေး ဆရာတော်များနှင့် စာဖြေသံဃာ တော်များ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး၊ နေ့ဆွမ်းဆက်ကပ် နိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲ ရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အစိုးရပါဠိပထမပြန် စာမေးပွဲကို မတ် ၂၉ ရက်မှ ဧပြီ ၄ ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေရာသား


