ရန်ကုန်   ဧပြီ   ၂

ရန်ကုန်တိုင်းဒေသကြီး   ရွှေပြည်သာမြို့နယ် ဇီးကုန်းရပ်ကွက်၌  ဖွင့်လှစ်ထားသည့်  ပုဂ္ဂလိက ကျောင်းဖြစ်သော Covenant International School မှ ကြီးကြပ်သူဆရာမ နှစ်ဦး ဦးဆောင်သည့် လေ့လာရေးအဖွဲ့သည်  ကျောက်တံတားခရိုင်တရားရုံးသို့ ယနေ့နံနက်ပိုင်းတွင် လာရောက်လေ့လာကြသည်။

လေ့လာရေးအဖွဲ့အား ခရိုင်တရားသူကြီး ဦးဆောင်၍ တွဲဖက်ခရိုင်တရားသူကြီးများ၊ ဒုတိယခရိုင် တရားသူကြီးများက တရားစီရင်ရေးဆိုင်ရာ လက်တွေ့ဆောင်ရွက်နေမှုများကို ရှင်းလင်းပြသခြင်း၊ ဒုတိယခရိုင်တရားသူကြီး  ဦးသန့်စင်ငြိမ်းက “မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်အကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် ရှင်းလင်းပြောကြားခြင်း၊ ကျောင်းသား ကျောင်းသူများက သိလိုသည်များကို မေးမြန်းဖြေကြားခြင်းတို့ ဆောင်ရွက်ကြသည်။

အဆိုပါလေ့လာရေးအဖွဲ့တွင် Cambridge As Law (Grade -11) မှ ကျောင်းသား ကျောင်းသူ ကိုးဦး၊ ကြီးကြပ်သူဆရာမ နှစ်ဦးတို့   ပါဝင်ကြောင်း    သိရသည်။                                                     

ကြေးမုံ