ကျိုင်းတုံ ဧပြီ ၂

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျိုင်းတုံမြို့၌ မန္တလေးငလျင်ကြီး တစ်နှစ်ပြည့်အဖြစ် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေး အသိပေးဟောပြောပွဲကို ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ယနေ့ကျင်းပသည်။

 

ဟောပြော

ဟောပြောပွဲတွင် ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးစခန်း (ကျိုင်းတုံ)မှ တာဝန်ရှိသူများက ငလျင်မလှုပ်မီ၊ ငလျင်လှုပ်စဉ်နှင့် ငလျင်လှုပ်ပြီးချိန်များတွင် ပြုလုပ်ကြရမည့်နည်းလမ်းများ၊ ကာကွယ်နိုင်ရေးနည်းလမ်းများ၊ ငလျင်ကြီးများမလှုပ်မီ သဘာဝအလျောက် ကြိုတင်သိရှိနိုင်သည့်အခြေအနေများကို တက်ရောက်လာသည့် ဒေသခံပြည်သူများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)