နောင်ချို ၂၃ မတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကလေးစာဖတ်ခန်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျောင်းသား/ကျောင်းသူ ကလေးငယ်များ လူအများကြား ပြောဆိုဆက်ဆံတတ်စေရန်နှင့် တီထွင်ဖန်တီးမှုဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန် ရည်ရွယ်၍ စာကြည့်တိုက်မှူး ဒေါ်အိအိစိုးမှ ကလေးများကို မိမိတို့ဖြစ်ချင်လိုသော ရည်မှန်းချက်များအား တစ်ဦးချင်း ပြောပြစေခြင်း၊ စက္ကူဖြင့်အရုပ်များ ခေါက်ပြခြင်းများကို ပြုလုပ်ခဲ့ကြသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူ ကလေးငယ်များအား အာဟာရအဖြစ် ကွေကာနှင့် ကြက်ဥပြုတ်များ ကျွေးမွေးခဲ့ကြောင်း မြို့နယ်၊ ပြန်/ဆက်မှ သိရသည်။
MDN


