ကျောက်မဲ ၂၃ မတ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ကျောက်မဲမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းဌာနမှ ကျေးလက်ဒေသ လူမှုစီးပွားဘဝ တိုးတက်စေရေးအတွက်" အလင်းရောင်စီမံချက် "One Stop Service (OSS)စနစ်ဖြင့် ကျေးလက်အိမ်သုံးမီတာများကို တပ်ဆင်ပေးလျက်ရှိရာ မတ်လ ၁၉ ရက် မွန်းလွဲ ၁ နာရီမှ စ၍ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာရှိ အိမ်ထောင်စု ၃၂ စုအား ကျေးလက်အိမ်သုံးမီတာ ၃၂ လုံးကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသောင်းလွင်ဦး ဦးစီး၍ နေ့ချင်းပြီးတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အလင်းရောင်စီမံချက်ဖြင့် ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာအုပ်စုအတွင်းရှိ ပေါက်အင်းကြီး၊ ပေါက်အင်းလေး ၊ နမ့်ဟူးမန်လီ၊ ရွှေကျောင်းကျေးရွာများနှင့် လွယ်စောင့်ကျေးရွာအုပ်စုရှိ ပန်ဆုံ၊ မန်ထန် ကျေးရွာများတွင်လည်း ကျေးလက်အိမ်သုံးမီတာများ တပ်ဆင်ပေးခဲ့ပြီးကြောင်း သိရသည်။
ကျောက်မဲခရိုင် ပြန်/ဆက်


