ရေး ဧပြီ ၄
နိုင်ငံတော်မှ ချီးမြှင့်သည့် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် ၂၀၂၅ ခုနှစ် စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်သော စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ် ရေးမြို့နယ် ပုပ္ဖဝတီကျေးရွာ ကျိုက်ဒေတမော့ဗရတ် ကျောင်းတိုက်၌ ကျင်းပသည်။
ဆက်ကပ်လှူဒါန်း
အခမ်းအနားတွင် ရေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ခေတ္တ) ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၃ ပါးနှင့် ၂၀၂၅ခုနှစ် စာအောင်သံဃာတော်များအား နယ်မြေခံတပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး ကျော်သူဝင်း၊ ရေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ (ခေတ္တ) ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်၊ ရေးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်များ၊ အောင်လက်မှတ်၊ အောင်ဆုနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ကျိုက်ဒေတမော့ ဗရတ်ကျောင်းတိုက်ဆရာတော် နှင့် ၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ ကြီးကြပ်ရေးဆရာတော်ကြီးများ၊ စာဖြေသံဃာတော်တို့အား ဆွမ်းစရိတ်များ ဆက်ကပ်လှူဒါန်းခြင်း၊ ပစ္စည်းလေးပါး အစရှိသည့် နဝကမ္မဝတ္ထုငွေ စုစုပေါင်းငွေကျပ် ၃၃၄၇၈၀၀၀ အား ဆက်ကပ်လှူဒါန်းပေးပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြကြောင်း သိရသည်။
ရှင်းသန့်ဖြူ


