ရန်ကုန် ဧပြီ ၄

 

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းခရိုင် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် သဲဖြူဆရာတော်ကြီး ဦးဆောင်မှုဖြင့် သန့်ရှင်းသာယာလှပရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းစေရေးအတွက် ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်နှင့် တာဝန်ရှိသူများ၊ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ ခရိုင်/ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းတွင် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ အဆောင်များ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၊ ဆေးရုံကြီး ခြံဝင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။

 

ဩဝါဒခံယူ

 

ဦးစွာ သဲဖြူဆရာတော်ကြီး ဂုဏ်ထူးဆောင် ဝိပဿနာဘာဝနာပါရဂူ (ဒေါက်တာ) ဘွဲ့တံဆိပ်တော်ရ ဆရာတော် သီရိပျံချီ ဒေါက်တာ ဘဒ္ဒန္တပညာဇောတ ဦးဆောင်မှုဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်၊ မရမ်းကုန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်သက်ခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမိုးသူနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဆရာတော်ကြီးထံမှ ဩဝါဒခံယူကြသည်။

 

ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ဆေးရုံကြီးရှိ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုကူညီရေး အဖွဲ့အစည်းများ စုစုပေါင်း ၁၀၀၀ ကျော်ခန့်ဖြင့် (ဆ) ရပ်ကွက်ရှိ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး သန့်ရှင်းသာယာ လှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြပြီး ထွက်ရှိအမှိုက်များအား အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျစွန့်ပစ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

 

သက်လွင်စိုး(ပြန်/ဆက်)