ရန်ကုန် ဧပြီ ၅
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ဇိနမာရ်အောင် စေတီတော်မြတ်ကြီးနှင့် အရံစေတီ ရှစ်ဆူတို့အား စတုတ္ထအကြိမ် ရွှေသင်္ကန်းကပ်လှူရေးနှင့် ဘက်စုံပြုပြင် တည်ဆောက်ရေးအတွက် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ စေတီတော်ကြီး အနောက်ဘက်တန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဖိတ်ထားသူများ တက်ရောက်ကြသည်။ ဆက်လက်၍ အလှူငွေ ပေးအပ်ပွဲကျင်းပရာ အလှူရှင် မေတ္တာပြည့်လျှံ သာသနာပြုအဖွဲ့က အလှူတော်ငွေကျပ် သိန်း ၁၂၅၀ ကို ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)


