ပေါက်ခေါင်း ဧပြီ ၅

 

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် အကြိမ်(၄၀)မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက် မဟာသန္တာဝါသသာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

 

ဆက်ကပ်လှူဒါန်း

ဦးစွာ ပေါက်ခေါင်းမြို့ ပညာဇောတာရုံစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တမဟိန္ဒ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်းတို့တွင် ထူးချွန်စွာအောင်မြင်တော်မူကြသော သာသနာ့အာဇာနည် အရှင်သူမြတ်တို့အား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများကို ဌာနဆိုင်ရာတာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းကြသည်။

 

ဆက်လက်၍ ပါဠိပထမပြန်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်တော်မူကြသော သာသနာ့အာဇာနည် အရှင်သူမြတ်တို့အား ဒါယကာ၊ ဒါယိကာမများက ဂုဏ်ပြုဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)