ရန်ကုန် ဧပြီ ၅
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ လူရည်ချွန်အဖြစ် ရွေးချယ်ခံရသော နှစ်ထပ်ကွမ်း လူရည်ချွန်နှင့် လူရည်ချွန်တို့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် ဂုဏ်ပြုသီဆိုကာ မြို့နယ်ပညာရေးမှူး ဦးသက်ဦးကြွယ်က အမှာစကားပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီရုံးအဖွဲ့မှူး ဦးဝင်းသိန်းက ကျောင်းစာကြည့်တိုက်အတွက် စာအုပ်၊ စာစောင် ၁၀၀ အား လှူဒါန်းခဲ့ပြီး Grade-10 မှ နှစ်ထပ်ကွမ်း လူရည်ချွန် မောင်ချမ်းမြေ့ဇင်နှင့် Grade-9 မှ လူရည်ချွန် မောင်ရဲကျော်စွာနိုင်တို့အား တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ကြရာ လူရည်ချွန် ကျောင်းသားနှစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ကျောင်းသား ကျောင်းသူများက ဖျော်ဖြေရေး အစီအစဉ်များဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
အေးမဉ္ဇူ


