ချမ်းအေးသာစံ ဧပြီ ၅

 

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်၏ ကြီးကြပ်ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။

 

ပေါင်းစပ်ညှိနှိုင်း

ထိုသို့ ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေ၊ တိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူး ရောင်းချမှု ကြီးကြပ်ရေးအဖွဲ့နှင့် တိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက သတ်မှတ်ရည်ညွှန်းဈေးအတိုင်း Vinyl များ ချိတ်ဆွဲဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ၊ အလေးချိန် မှန်ကန်မှု ရှိ/မရှိ၊ ဆီစာအုပ်များကို စနစ်တကျ ထုတ်ပေးရေးနှင့် ရရှိသော  ဆီပိဿာချိန်များကို ပြည်သူများထံသို့ အမှန်တကယ်ရောင်းချမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ပြီး ဝယ်ယူရောင်းချမှု အခြေအနေနှင့် အခက်အခဲများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

ဖြန့်ဖြူးရောင်းချ

မန္တလေးတိုင်းဒေသကြီး အနေဖြင့် အိမ်ထောင်စုတစ်ခုအတွက် ဆီစာအုပ်တစ်အုပ်လျှင် တစ်လ နှစ်ပိဿာနှုန်းဖြင့် လက်ကားကိုယ်စားလှယ် ၅၂ ဦး၊ လက်လီကိုယ်စားလှယ် ၇၂၉ ဦးက တစ်လလျှင် ဆီတန်ချိန်ပေါင်း ၆၅၅၀ ကို ဖြန့်ဖြူးရောင်းချလျက်ရှိပြီးဌာနဆိုင်ရာ အဖွဲ့အစည်းများအတွက် တစ်လလျှင် နှစ်ပိဿာနှုန်းဖြင့် ရည်ညွှန်းဈေးနှုန်းအတိုင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)