ရေတာရှည် ဧပြီ ၅
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်အတွင်းရှိ ဆွာ၊ သာဂရ၊ ရေနီမြို့တို့ရှိ စားအုန်းဆီ လက်လီ/လက်ကား ကိုယ်စားလှယ်အရောင်းဆိုင်များ၌ သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချနေမှုကို စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင် ဦးစီးမှူး ဦးမျိုးအောင်က ဒေသတွင်းပြည်သူများအား သတ်မှတ်ထားသော စျေးနှုန်းများ၊ အိမ်ထောင်စုအလိုက် စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျ ရောင်းချပေးမှု ရှိ/မရှိ၊ နေ့စဉ်ရောင်းချသည့်စျေးနှုန်းများကိုလည်း ဗီနိုင်းများဖြင့် စနစ်တကျချိတ်ဆွဲရောင်းချပေးမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


