ပခုက္ကူ ဧပြီ ၅

 

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရေးနှင့် သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရေးတို့အတွက် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း အသိပညာပေးနှိုးဆော်ကြသည်။

 

ပခုက္ကူခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်း၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူများ လိုက်နာဆောင်ရွက်ရမည့် ရှောင်ရန်/ ဆောင်ရန်အချက်များကို ပခုက္ကူမြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းလှည့်လည်ကာ အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

 

ဘာမီသာ(ပခုက္ကူ)