ဟင်္သာတ ဧပြီ ၅
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့သည် နေ့စဉ်ကျေးရွာများအရောက် ဈေးကားဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယမန်နေ့က ဟင်္သာတမြို့နယ် ပိတောက်ကုန်းကျေးရွာအုပ်စုရှိ မြစိမ်းရောင်ဈေးတွင် သွားရောက်ဖြန့်ဖြူးရောင်းချပေးသည်။
ထိုသို့ နေ့စဉ်လိုက်လံရောင်းချပေးရာတွင် ဟင်္သာတမြို့နယ် စားအုန်းဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးမိုးကျော်နှင့် တာဝန်ရှိသူများက ကျေးရွာများရှိ လက်လီကုန်စုံဆိုင်များအရောက် ခရိုင်ဆီ ကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ မော်တော်ယာဉ်ဖြင့် စားအုန်းဆီများကို နေ့စဉ်အလှည့်ကျစနစ်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက် ၂၁ ရပ်ကွက်သို့ တစ်လလျှင် လေးကြိမ်နှင့် ကျေးရွာ ၁၁၂ ရွာတို့မှ အိမ်ထောင်စု ရှစ်သောင်းခန့်တို့အား ဆီ ၅၀ ကျပ်သားနှုန်းဖြင့် တစ်လလျှင် နှစ်ကြိမ် လိုက်လံဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


