ကြံခင်း ဧပြီ ၅
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်ရှိ သမဝါယမအသင်းသားများအား အရင်းမပျောက်မတည်ငွေ (သတ္တမအကြိမ်) မျိုးမြေပဲနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အလုံကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။
ဦးစွာ သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းက ကြံခင်းမြို့နယ်အတွင်း အသင်း ရှစ်သင်း၊ အသင်းသား ၂၈၇ ဦး၏ မြေပဲစိုက်ဧက ၃၉၄ ဧကအတွက် ငွေကျပ် ၃၉၄ ဒသမ ၁ သိန်းနှင့်ညီမျှသော မျိုးနှင့် သွင်းအားစုများကို တောင်သူများ အဆင်ပြေစေရန် ပေးအပ်ခြင်း ဖြစ်ပါကြောင်းပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ(ခေတ္တ)ဥက္ကဋ္ဌ ဦးကျော်မင်းထက်နှင့် သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့က လုပ်ငန်းဆိုင်ရာကိစ္စများ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အတွင်း ကျေးရွာ ရှစ်ရွာရှိ သမဝါယမအသင်းသား တောင်သူများအား မျိုးမြေပဲနှင့် သွင်းအားစုများကို တောင်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)


