သဲကုန်း ဧပြီ ၆

 

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော ကျန်းမာရေးဆိုးကျိုးများ မဖြစ်ပွားစေရန် ရည်ရွယ်၍ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ခြင်းကို ဧပြီ ၅ ရက်က မြို့ပေါ်ရပ်ကွက် များနှင့် ကျေးရွာများတွင် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမြင့်အောင်၏ လမ်းညွှန်ချက်ဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက  အပူဒဏ်အန္တရာယ် ကာကွယ်ရေးသိကောင်းစရာများ၊ အပူဒဏ်အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက်များ၊ အပူချိန် မြင့်မားမှုကြောင့်ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များနှင့် သတိပြုလိုက်နာရမည့်အချက်များ၊ အပူဒဏ် အန္တရာယ် ကြိုတင်ကာကွယ်ရေးအချက်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကျဥ်ရမည့် အချက်များ၊ အပူဒဏ်ကြောင့် ဖြစ်ပေါ်ခံစားရနိုင်သည့် လက္ခဏာများ၊ အပူဒဏ်အန္တရာယ်ဖြစ်ပေါ် ခံစားရပါက ဆက်သွယ်ရမည့်အချက်အလက်များကို လိုက်လံနှိုးဆော် အသိပညာပေးခဲ့ကြောင်း သိရသည်။

ကိုကျော်(သဲကုန်း)