အုတ်တွင်း ဧပြီ ၆
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကား ကိုယ်စားလှယ်အရောင်းဆိုင်များ၌ သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချနေမှုကို ယနေ့ နံနက် ၉ နာရီက စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် တောင်ငူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများအား သတ်မှတ်ထားသော စျေးနှုန်းများ၊ အိမ်ထောင်စုအလိုက် စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် စနစ်တကျ ရောင်းချပေးမှုရှိ/မရှိ၊ နေ့စဉ်ရောင်းချသည့် စျေးနှုန်း များကို ဗီနိုင်းများဖြင့် စနစ်တကျ ချိတ်ဆွဲရောင်းချပေးမှု ရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးခြင်းကို ခရိုင်အတွင်းရှိ မြို့နယ်များအလိုက် စားအုန်းဆီအရောင်းဆိုင်များတွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)


