အင်္ဂပူ ဧပြီ ၅

 

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်၌ မြေပဲစိုက် သမဝါယမအသင်းသားများအား (သတ္တမအကြိမ်) မျိုးမြေပဲနှင့် သွင်းအားစုများ ပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက အုတ်ရှစ်ကုန်းကျေးရွာနှင့် ဘုရားငုတ္တိုကျေးရွာတို့တွင် ပြုလုပ်သည်။

 

ရှင်းလင်းတင်ပြ

ဦးစွာ သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးတို့က အမှာစကားများပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မို့မို့ခိုင်က သမဝါယမအသင်းလုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။

 

ထို့နောက် အုတ်ရှစ်ကုန်းကျေးရွာနှင့် ဘုရားငုတ္တိုကျေးရွာတို့မှ မြေပဲစိုက် သမဝါယမအသင်းသား ၆၉ ဦး၏ မြေပဲစိုက်ဧက ၁၉၂ ဧကအတွက် တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေကျပ်သိန်း ၄၈၀ နှင့်ညီမျှသော မျိုးမြေပဲနှင့် သွင်းအားစု ဓာတ်မြေဩဇာများ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

မန်းကျော်(ပြန်/ဆက်)