ပဲခူး ဧပြီ ၅

 

ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ယနေ့နံနက်ပိုင်းက မြို့မစည်ပင်သာယာဈေးနှင့် လူစည်ကားရာနေရာများတွင် ပြုလုပ်သည်။

 

ထိုသို့ နှိုးဆော်ရာတွင် အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ဂနာမငြိမ်ခြင်း၊ ခေါင်းမူးနောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ နုံးချည့်ပျော့ခွေခြင်း၊ အလွန်အမင်းရေဆာခြင်း၊ ခန္ဓာကိုယ် အပူချိန်မြင့်တက်ခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် အပူဒဏ်အန္တရာယ် ကျရောက်သည့်လူနာကို အရေးပေါ်ရှေးဦးပြုစုခြင်း စသည့် အပူဒဏ်အန္တရာယ်အကြောင်း သိကောင်းစရာများ၊ လိုက်နာရန်အချက်များ၊ ရှောင်ရန်အချက်များကို အသိပညာပေး နှိုးဆော်ပြီး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)