ရန်ကုန် ဧပြီ ၆
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထိန်လင်း ဦးဆောင်၍ ရန်ကင်းမြို့နယ် အမှတ်(၁၁)ရပ်ကွက် ကံဘဲ့ဘူတာရုံလမ်းရှိ ကံဘဲ့ဘူတာပျံကျစျေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကင်းမြို့နယ် မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးထိန်လင်း ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ငါးဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးတို့ဖြင့် ဈေးမီးဘေးလုံခြုံရေးအတွက် လိုက်နာရမည့်အချက်များကို အသိပညာပေးဆွေးနွေးပြီး မီးငြှိမ်းသတ်ခြင်း လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)


