ဟင်္သာတ ဧပြီ ၆

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်များအတွင်းရှိ မြို့နယ်တို့တွင် စားအုန်းဆီများ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၆ ရက် နံနက်ပိုင်းက ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းကျော်က အမှာစကားပြောကြားသည်။

 

ဆောင်ရွက်

ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းထွန်းနှင့် ဟင်္သာတခရိုင်ဦးစီးမှူး ဦးဇော်မင်းတို့က တိုင်းဒေသကြီးနှင့် ခရိုင်အတွင်း ပြည်သူများထံသို့ ဆီဖြန့်ခွဲရောင်းချ ပေးမှုအခြေအနေနှင့် စက်မှုလုပ်ငန်းသုံးဆီ ဖြန့်ဖြူးရောင်းချပေးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)