ရန်ကုန် ဧပြီ ၆

 

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင်  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူးကျင်းပသော နွေရာသီ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အောင်သီရိပြည့်စုံ ဓမ္မာရုံ၌ ကျင်းပသည်။

 

သင်တန်းတွင် မင်္ဂလာဗျူဟာ (အသင်းချုပ်) မှ စာရေးဆရာမကြီး ဒေါ်ကြည်ကြည်ဝင်းက ဦးစီး၍ ဗုဒ္ဓဘာသာ အခြေခံသိပ္ပံများ၊ ယဉ်ကျေးလိမ္မာရေးဆိုင်ရာ သင်ခန်းစာများနှင့် အကျင့်စာရိတ္တ ကောင်းမွန်ရေးဆိုင်ရာ ဘာသာရပ်များကို    မတ် ၂၈ ရက်မှ ဧပြီ ၆ ရက်အထိ သင်ကြားပို့ချသည်။

 

သင်တန်း ဆင်းပွဲတွင် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သူဇာသိမ့်က ရေးဖြေဘာသာရပ်နှင့် နှုတ်ဖြေဘာသာရပ်တွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)