မြစ်ကြီးနား ဧပြီ ၆
တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ပိုင်းက မြစ်ကြီးနားမြို့ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက အစည်းအဝေး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးအနက် ၄၅ ဦးလုံး တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက် ခံထားရသူက ပြည်နယ်ဝန်ကြီးဌာန အရေအတွက် ခုနစ်ခု၊ ပြည်နယ်ဝန်ကြီးဦးရေ ခုနစ်ဦးနှင့် ပြည်နယ် တရားလွှတ်တော်တရားသူကြီးဦးရေ သုံးဦး သတ်မှတ်နိုင်ရေး အဆိုပြုခြင်းကို လွှတ်တော်သို့တင်ပြပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ အဆုံးအဖြတ်ကို ရယူ၍ အတည်ပြုသည်။
ယင်းနောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူက ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် မြစ်ကြီးနားမြို့နယ် ကိုယ်စားလှယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်အား ခန့်အပ်တာဝန် ပေးနိုင်ရေး အဆိုပြုလာခြင်းကို လွှတ်တော်သို့ တင်ပြပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


