ပုသိမ် ဧပြီ ၆
တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသိန်းထွန်းက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူက ပုသိမ်မြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ဦးအေးကျော်အား တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၅၀ အရ အဆိုပြုပေးပို့ခြင်းကို လွှတ်တော်သို့ ကြေညာပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။
ထို့နောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံရသူက တိုင်းဒေသကြီး ဝန်ကြီးဌာန အရေအတွက် ကိုးခု၊ တိုင်းဒေသကြီးဝန်ကြီး ကိုးဦးနှင့် တရားလွှတ်တော်တရားသူကြီးလေးဦး သတ်မှတ်နိုင်ရေးအတွက် လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၄၈ နှင့် ၄၉ တို့အရ အဆိုပြုပေးပို့ခြင်းကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


