လွိုင်ကော် ဧပြီ ၆
တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် လွိုင်ကော်မြို့ရှိ လွှတ်တော်အဆောက်အအုံ လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးရှိပြီး ရာနှုန်းပြည့် တက်ရောက်သည့်အတွက် အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေးကို စတင်ကျင်းပကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက ကယားပြည်နယ်ဝန်ကြီးချုပ် တာဝန်ပေးအပ်နိုင်ရေးအတွက် အဆိုပြုပေးပို့လာသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို လွှတ်တော်သို့တင်ပြပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။
ယင်းနောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက အဆိုပြု ပေးပို့လာသည့် ပြည်နယ်ဝန်ကြီးဌာန အရေအတွက်နှင့် ပြည်နယ်ဝန်ကြီးဦးရေ သတ်မှတ်ခြင်းကို လည်းကောင်း၊ တရားလွှတ်တော် တရားသူကြီး ဦးရေကိုလည်းကောင်း ပြည်နယ်လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်အားလုံးက သဘောတူသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။
တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး စတုတ္ထနေ့ကို ဧပြီ ၇ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


