ဝါရှင်တန်   ဧပြီ   ၆

အီရန်၊ အမေရိကန်နှင့် ဒေသတွင်း စေ့စပ်ညှိနှိုင်းသူများအနေဖြင့် ပဏာမ ၄၅ ရက် အပစ်အခတ်ရပ်စဲ ရေးကာလသတ်မှတ်ရန် ဆွေးနွေးနေကြောင်း သိရသည်။ ၎င်းအပစ်အခတ်ရပ်စဲရေးမှတစ်ဆင့် တည်တံ့သည့် အပစ်အခတ်ရပ်စဲရေးရရှိရေးဆောင်ရွက်မည်ဟု သိရသည်။

ယခုအစီအစဉ်အရ    အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရာတွင် အပိုင်းနှစ်ပိုင်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ပထမအဆင့်တွင် ပဏာမ ၄၅ ရက် အပစ်အခတ်ရပ်စဲရေးကာလသတ်မှတ်ရန်နှင့် ဒုတိယအဆင့်တွင် လက်နက်ကိုင်ပဋိပက္ခ အပြီးတိုင်ပြီးဆုံးရေးအတွက် ဆွေးနွေးမည်ဖြစ်သည်။ အကယ်၍ ဆွေးနွေးရန် အချိန်ကာလလိုအပ်ပါက အပစ်အခတ်ရပ်စဲရေးကို အချိန်တိုးမြှင့်သတ်မှတ်မည် ဖြစ်သည်။

နောက်ဆုံးအဆင့် ဆွေးနွေးရာတွင် ဟော်မုဇ်ရေလက်ကြား အပြည့်အဝပြန်လည်ဖွင့်လှစ်ရေးနှင့် အီရန်နိုင်ငံ၏ ယူရေနီယံသတ္တုထုတ်လုပ်မှုကန့်သတ် ရေးတို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ