မကွေး ဧပြီ ၈
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ ထုံးတမ်းအစဉ်အလာနှင့်အညီ ရိုးရာမပျက်ကျင်းပနိုင်ရန်၊ နှစ်သစ်တွင် နိုင်ငံတော်၏ တာဝန်များကို စွမ်းအားပြည့် ဆောင်ရွက်နိုင်ကြစေရန် မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ဌာနဆိုင်ရာများအလိုက် သင်္ကြန်ယိမ်းအဖွဲ့များဖြင့် သင်္ကြန်အကအလှများ ဇာတ်တိုက်လေ့ကျင့်လျက်ရှိသည်။
သင်္ကြန်ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ရပ်ကွက်များ၊ ကျောင်းများအလိုက် ယိမ်းအဖွဲ့ ၁၈ ဖွဲ့က သက်ဆိုင်ရာ နေရာများတွင် ကြိုတင်လေ့ကျင့် ဆောင်ရွက်လျက်ရှိပြီး ဗဟိုမဏ္ဍပ်၊ ဝန်ကြီးဌာနမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်နှင့် စတုဒိသာကျွေးခြင်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ကျင်းပသွားမည်ဖြစ်
မကွေးမြို့ မဟာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ နံနက်ပိုင်းတွင် ဖွင့်ပွဲကျင်းပသွားမည်ဖြစ်ပြီး ပိတ်ပွဲအခမ်းအနားကို ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ ညနေပိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် သက်ကြီးပူဇော်ပွဲနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


