ရေး ဧပြီ ၈

 

မွန်ပြည်နယ် ရေးမြို့နယ်၌ အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော ဆိုးကျိုးများ မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ခြင်းအနေဖြင့် အသိပညာပေးခြင်းများကို မတ် ၂၅ ရက်မှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ရပ်ကွက်၊ ကျေးရွာများအလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မျိုးထက်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အပူဒဏ်အန္တရာယ် သတိပြုကာကွယ်လိုက်နာရမည့်အချက်များ၊ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း လက္ခဏာများနှင့် အပူဒဏ်အန္တရာယ်ကြောင့် ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးဆေးကုသမှုခံယူရမည် ဖြစ်ကြောင်း အသိပညာပေးရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်သူများက သိရှိလိုသည့်အချက်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး ကြိုတင်ကာကွယ်အပူဒဏ်အန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။ အလားတူ အပူဒဏ်အန္တရာယ်ကာကွယ်ရေးအသိပညာပေးခြင်းများကို ကျန်ရှိသည့် ရပ်ကွက်၊ ကျေးရွာများတွင်လည်း ဆက်လက် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှင်းသန့်ဖြူ