မန္တလေး ဧပြီ ၈
ပြည်သူလူထုအတွင်း အပူဒဏ်အန္တရာယ်နှင့်ပတ်သက်၍ သတိပြုရမည့်အချက်များ ပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ၊ ဓာတ်ဆားထုပ်များ ဝေငှခြင်းနှင့် ပိုစတာများချိတ်ဆွဲခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက အောင်မြေသာစံမြို့နယ်အတွင်းရှိ နန်းတော်ရှေ့ဈေး၊ ဆရာစံဈေးနှင့် ညောင်ပင်ဈေးတို့တွင် ပြုလုပ်ကြသည်။
လက်ကမ်းစာစောင်များဝေငှ
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာသန့်စင်လင်းနှင့် သူနာပြုများ၊ ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်၍ ယနေ့နံနက်ပိုင်းက ဈေးသူ ဈေးသားများ၊ ဈေးဝယ်လာပြည်သူများနှင့် လမ်းသွားလမ်းလာများအား အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ဓာတ်ဆားထုပ်များ ဝေငှခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


