သံဖြူဇရပ် ဧပြီ ၈

 

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ပြည်သူများ အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ရန်အတွက် အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဧပြီ ၇ ရက်က သံဖြူဇရပ်မြို့ အမှတ်(၁) မြို့မစျေးကြီးနှင့် အမှတ် (၂)ဈေးတို့တွင် ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသန့်ဇင်က ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အမှတ်(၁)မြို့မစျေးကြီးနှင့် အမှတ်(၂) မြို့မစျေးတို့အတွင်းရှိ စျေးရောင်းစျေးဝယ်သူများနှင့် စျေးရှေ့ရှိ ခရီးသွားပြည်သူများအား အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်တွင်ပါဝင်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် အပူဒဏ်ကြောင့်သတိလစ်ခြင်းများ ဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ကြစေရေး အသိပေးပြောကြားပြီး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)