ညောင်တုန်း ဧပြီ ၈

 

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်ရှိ ပေါက်ပေါက်ပွင့် စားအုန်းဆီဆိုင်သို့ ယမန်နေ့က မအူပင်ခရိုင်အတွင်း ဖြန့်ဖြူးရောင်းချရန် သယ်ယူလာသည့် ပြည်သူဖြန့်စားအုန်းဆီ ရောက်ရှိမှုကို တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့စစ်ဆေးရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းကျော်၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်းနှင့် တာဝန်ရှိသူများက မအူပင်ခရိုင်အတွင်း ဖြန့်ဖြူးရောင်းချရန် သယ်ယူလာသည့် ပြည်သူဖြန့် စားအုန်းဆီရောက်ရှိမှုကို ကြည့်ရှုစစ်ဆေးရာ ပေါက်ပေါက်ပွင့် စားအုန်းဆီအရောင်းဆိုင်တာဝန်ခံက စားအုန်းဆီရောက်ရှိမှုအခြေအနေများနှင့် ခရိုင်အတွင်းရှိ ဆီကိုယ်စားလှယ်များထံ ဖြန့်ဖြူပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က သယ်ယူလာသည့်ဆီများအား ရောက်ရှိမည့်အချိန်ကို ကြိုတင်ချိတ်ဆက်ပြီး အမြန်ဆုံး မိမိမြို့နယ်သို့ သယ်ယူနိုင်ရေး၊ ပြည်သူများ လက်ဝယ်သို့ အမြန်ဆုံးရောက်ရှိရေး ဆောင်ရွက်ရန်နှင့် ရောက်ရှိသည့် စားအုန်းဆီများကို မြို့နယ်များသို့ ပြန်လည်ခွဲဝေပေးရာတွင် ခရိုင်/မြို့နယ် စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့များမှ စစ်ဆေးဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)