ပြင်ဦးလွင် ဧပြီ ၈

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁) တရုတ်ဗုဒ္ဓဘာသာစာသင်ကျောင်းရှိ တရုတ်ယူနန်မင်္ဂလာခန်းမ၌ ကျင်းပသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၉၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ခင်မောင်မြင့်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အကြောင်းအရာများနှင့် ဆောင်ရန်၊ ရှောင်ရန်များကို လည်းကောင်း၊ ရဲတပ်ကြပ်ကြီး အေးစိုး(ဇင်ယော်)ကချစ်တတ်သူတွေအသက်ရှည်ပါစေခေါင်းစဉ်ဖြင့် ဟောပြောပြီး ယာဉ်အန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။ အဆိုပါ ဟောပြောပွဲသို့ ပြင်ဦးလွင်မြို့ တရုတ်ဗုဒ္ဓဘာသာစာသင်ကျောင်းမှ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၇၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)