ကိုလံဘို  ဧပြီ  ၈

သီရိလင်္ကာနိုင်ငံ၌   နောက်ဆုံးကောက်ယူခဲ့သော  သန်းခေါင်စာရင်းအစီရင်ခံစာအရ ၂၀၁၂  ခုနှစ် နောက်ပိုင်း  နိုင်ငံ၏ လူဦးရေမှာ  ၂၁၇၈၁၈၀၀ အထိ မြင့်တက်လာခဲ့ပြီး အမျိုးသားဦးရေထက်   အမျိုးသမီးဦးရေ  ၇၅၇၁၁၂   ဦး  ပိုမိုများပြားကြောင်း  သိရသည်။

သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနသည် ၂၀၂၄ ခုနှစ် လူဦးရေ နှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်း၏ နောက်ဆုံးအစီရင်ခံစာကို   သမ္မတ   အနူရာ  ကူမာရာ ဒစ်ဆာနာယာကီထံ ဧပြီ ၆ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းအစီရင်ခံစာအရ အမျိုးသမီးများသည်  လူဦးရေ၏   ၅၁ ဒသမ ၇  ရာခိုင်နှုန်း (၁၁၂၆၉၄၅၆ ဦး) ရှိပြီး    အမျိုးသားများက လူဦးရေ၏ ၄၈ ဒသမ ၃ ရာခိုင်နှုန်း (၁၀၅၁၂၃၄၄  ဦး) ရှိကြောင်း   ဖော်ပြထားသည်။  သီရိလင်္ကာနိုင်ငံတစ်ဝန်းရှိ  ခရိုင်တိုင်းတွင်  အမျိုးသားဦးရေထက် အမျိုးသမီးဦးရေက  ပိုမိုများပြားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် အစီရင်ခံစာအရ အသက် ၁၅ နှစ်မှ ၅၉ နှစ်အထိ အလုပ်လုပ်နိုင်သော လူဦးရေမှာ ၁၃၃၅၃၈၃၇ ဦးရှိပြီး အသက်  ၁၄  နှစ်အောက်   ဦးရေ မှာ   ၄၅၀၆၈၃၉   ဦးနှင့်  အသက် ၆၅  နှစ်နှင့်အထက်  ဦးရေမှာ ၂၇၃၇၈၁၄  ဦးရှိကြောင်း  ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် စတင်ခဲ့သော  ၂၀၂၄  ခုနှစ် သန်းခေါင်စာရင်းသည် သီရိလင်္ကာနိုင်ငံ၏ (၁၅)ကြိမ်မြောက် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းဖြစ်ပြီး  အချက်အလက်များ စုဆောင်းရာတွင်  တက်ဘလက်များနှင့်  စမတ်ဖုန်းများ  ပထမဆုံးအကြိမ်  အသုံးပြု သည့်   သန်းခေါင်စာရင်းကောက်ခံမှုလည်း ဖြစ်သည်။

ဆင်ဟွာ