တန့်ယန်း ဧပြီ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်အား ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ်ဆောက်လုပ်ခြင်းနှင့် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ဗိုလ်ချုပ်လမ်းမကြီး အမှတ်(၃)ရပ်ကွက် မြို့နယ်မော်တော်ယာဉ်ကြီးကြပ်ရေးရုံးအနီး ဆောက်လုပ်နေပြီး လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ လက်ဖက်သင်္ကြန်တို့ကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ယိမ်းအက အဖွဲ့များမှလည်း အကတိုက်လေ့ကျင့်နေကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)


