တောင်ငူ ဧပြီ ၉

 

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်အတွင်းရှိ ပြည်သူများ  အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သော ရောဂါများဖြင့် လာရောက်ပြသသော လူနာများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

တောင်ငူခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် ညောင်ကိုင်းတိုက်နယ်ဆေးရုံတို့တွင် အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သောရောဂါဖြင့် လူနာများ ရောက်ရှိလာပါက လူနာများလက်ခံကုသပေးနိုင်ရန် ကြိုတင်စီစဉ်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ ကြိုတင်ဖြည့်ဆည်းပြင်ဆင်ထားရှိခြင်း၊ အရေးပေါ်ကုသမှုပေးရာတွင် ကုသမှုလုပ်ငန်းလမ်းညွှန်နှင့်အညီ ဆောင်ရွက်ကုသမှုပေးနိုင်ရေးနှင့် လူနာများအား ကျန်းမာရေးပညာပေးခြင်းအပါအဝင် အပူဒဏ်အန္တရာယ်နှင့် ပတ်သက်သော ကျန်းမာရေးပြဿနာများ ကာကွယ်ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်ကိုကို(တောင်ငူ)