ထားဝယ် ဧပြီ ၉

 

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် ၂၈ ဦးရှိသည့်အနက် ၂၈ ဦးစလုံး တက်ရောက်သည့်အတွက် ရာခိုင်နှုန်းအပြည့်ဖြစ်သဖြင့် တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး စတုတ္ထနေ့အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။

 

အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တိုင်းဒေသကြီးလွှတ်တော်ပြည်သူများ၏ တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီ၊ တိုင်းဒေသကြီး လွှတ်တော်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ရေးရာကော်မတီ၊ တိုင်းဒေသကြီးလွှတ်တော်ဘဏ္ဍာ ငွေအရအသုံးဆိုင်ရာ စိစစ်အကြံပြုရေးအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်ဥပဒေ လေ့လာသုံးသပ်ရေး အဖွဲ့တို့၏ အဖွဲ့ဝင်ဦးရေ၊ ကော်မတီနှင့်အဖွဲ့၏ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၏အမည် စာရင်း၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး လွှတ်တော်၏ အတည်ပြုချက်ရယူ၍ အတည်ပြုပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

ထို့နောက်  တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ဧပြီ ၁၀ ရက် နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)