နတ်တလင်း ဧပြီ ၉
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်၌ နွေရာသီကာလ အပူရှိန်ပြင်းထန်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများနှင့် အပူဒဏ်အန္တရာယ်များကို ပြည်သူများသိရှိစေရန် အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက နတ်တလင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် နတ်တလင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးအေးသန့်က ပြည်သူများအား အပူရှိန်ကြောင့်ဖြစ်ပေါ်တတ်သော ရောဂါလက္ခဏာများ၊ အပူလျှပ်ခြင်းနှင့် ရှေးဦးပြုစုခြင်းနည်းလမ်းများ၊ အပူဒဏ်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် နေထိုင်စားသောက်ရမည့် နည်းစနစ်များ၊ အပူဒဏ်အန္တရာယ်ဖြစ်ပွားခဲ့လျှင် ဆောလျင်စွာဆေးဝါး ကုသမှုပေးနိုင်ရေးအတွက် နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်ပြသကြရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)


