ဘီးလင်း ဧပြီ ၉
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အပူဒဏ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် ပညာပေးဟောပြောခြင်းများကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် မင်္ဂလာစျေးရှေ့၌ စျေးသူ စျေးသားများ၊ လမ်းသွားလမ်းလာပြည်သူများအား အသိပညာပေး ဆောင်ရွက်သည်။
လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ အပူဒဏ်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘီးလင်း(ပြန်/ဆက်)


