မော်လမြိုင် ဧပြီ ၉
တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မွန်ပြည် နယ်လွှတ်တော်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များအဖြစ် ခန့်အပ် တာဝန်ပေးအပ်မည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ကြေညာပြီး ပြည်နယ်လွှတ်တော်က မှတ်တမ်းတင်သည်။
ထို့နောက် အစိုးရ၏ အာမခံ ချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့၏ အမည်စာရင်းကို ကျိုက်ထို မြို့နယ် ကိုယ်စားလှယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်ထူးက လွှတ်တော် သို့ ရှင်းလင်းတင်ပြပြီး ပြည်နယ် လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ လွှတ်တော်က အတည်ပြုသည်။
ယင်းနောက် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး သတ္တမနေ့ အစည်းအဝေးရပ်နားပြီး အဋ္ဌမနေ့ အစည်းအဝေးကို ဧပြီ ၁၀ ရက် နံနက် ၁၀ နာရီတွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


