နေပြည်တော် ဧပြီ ၁၂

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့ ရွာကောက်ရပ်ကွက် ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ကျောင်းတိုက် ဦးစီးပဓာနနာယက၊ ဥပ္ပါတသန္တိစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ပါဠိဆရာတော်ကြီး ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ (၇၉ နှစ်၊ ၅၉ ဝါ) မဟာထေရ်မြတ်ကြီးသည် ၁၃၈၇ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၈ ရက် (၉-၄-၂၀၂၆ ) (ကြာသပတေးနေ့)၊ မွန်းလွဲ ၁ နာရီ ၁၉ မိနစ်တွင် ဇေယျာသီရိမြို့နယ်၊ အမှတ်(၂) တပ်မတော် ဆေးရုံကြီး (ခုတင် ၁၀၀၀) ၌ ၉၆ ပါးသော ရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။

 

သတင်းစဉ်