တောင်ကြီး ဧပြီ ၁၄

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ဇနီး၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော် နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး၊ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ သင်္ကြန်အကျနေ့ နံနက် ၉ နာရီက တောင်ကြီးမြို့ပြည်နယ် လွှတ်တော်အနီးရှိ ဗဟိုမဏ္ဍပ်၌ တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက် ယိမ်းအကအဖွဲ့များမှ ပြိုင်ပွဲဝင်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ များက ပြိုင်ပွဲဝင်ယိမ်းအက အဖွဲ့များအား ဂုဏ်ပြုဆုငွေချီးမြှင့်ပေးသည်။

တောင်ကြီးမြို့၌ သင်္ကြန်အကျနေ့တွင် စည်ကားသိုက်မြိုက် အေးချမ်းစွာ ပြည်သူများနှင့်အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ လမ်းလျှောက်သင်္ကြန်ကို ပါဝင်ဆင်နွှဲပေးကြပြီး ဗိုလ်ချုပ်ပန်းခြံရှေ့ရှိ ပိတောက်မေ မဏ္ဍပ်နှင့် စိုက်ပျိုးရေးရုံးရှိ ရွှေပိ တောက်မဏ္ဍပ်တို့ကို လှည့်လည် ကြည့်ရှုအားပေးကြပြီး ကပြဖျော်ဖြေပေးကြသော ယိမ်းအက အဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)