နေပြည်တော်    ဧပြီ    ၁၇

နယ်စပ်ရေးရာဝန်ကြီးဌာန၏  ဇီဝိတဒါန  စုပေါင်းငါးလွှတ်ပွဲကို ယနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာကန်တော်၌ ကျင်းပသည်။

အခမ်းအနားသို့  နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် ဇနီး၊  ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်ဇနီးများ၊ လက်ထောက်အတွင်းဝန်/ညွှန်ကြားရေးမှူးများနှင့်ဇနီးများ၊ ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည်။  

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့ ဦးဆောင်ကာ ဘေးမဲ့ငါးကောင်ရေ ၇၀၀၀ ကို ဇီဝိတဒါနအဖြစ် မင်္ဂလာကန်တော်အတွင်းသို့ ကုသိုလ်ပြုလွှတ်ပေးခဲ့ကြသည်။

ထို့နောက်  သက်ကြီးပူဇော်ပွဲအခမ်းအနားကို နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ဆက်လက်ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများရှိ အသက် ၇၅ နှစ်နှင့်အထက် အဘိုး ၁၉ ဦး၊ အဘွား ၃၂ ဦး  စုစုပေါင်း ၅၁ ဦးအနက် တက်ရောက်နိုင်သူ အဘိုးအဘွား ၁၈  ဦးကို ပြည်ထောင်စုဝန်ကြီးနှင့်  ဇနီးတို့ ဦးဆောင်၍ မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာနှင့်အညီ  နှစ်သစ်ကူး ကန်တော့ပစ္စည်းများဖြင့် လှူဒါန်းကန်တော့ကြပြီး ကန်တော့ခံဘိုးဘွားများကိုယ်စား  အဘွားတစ်ဦးက  ဆုတောင်းမေတ္တာစကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်