ကြံခင်း    ဧပြီ    ၁၇

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့၌ ယနေ့တွင် မြို့လုံးကျွတ်စတုဒိသာ  ကျွေးမွေးလှူဒါန်းကြသူများနှင့်  အနယ်နယ်အရပ်ရပ်မှ ရေပက်ခံလာရောက်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ကြံခင်းမြို့၌ နှစ်ဆန်းတစ်ရက်နေ့တွင် ဘုရား၊ စေတီ၊ ဘုန်တာ်ကြီးကျောင်းများနှင့်  နေအိမ်များတွင် စတုဒိသာများဖြင့် အနယ်နယ်အရပ်ရပ်မှ လာရောက်ရေကစားကြသူများကို လှူဒါန်းပေးလျက်ရှိကြ သည်။ ဗဟိုမဏ္ဍပ်တွင်လည်း တေးသံရှင်များက ဖျော်ဖြေပေးလျက်ရှိရာ  ရေပက်ခံလာရောက်သူ များဖြင့် စည်ကားလျက်ရှိပြီး ရပ်ကွက်တိုင်းရှိ ရေကစားမဏ္ဍပ်များတွင် ရေပက်ခံထွက်သူများဖြင့် အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြသည်။

ကြံခင်းမြို့၌ သင်္ကြန်အကြိုနေ့မှ နှစ်ဆန်း ၁ ရက်နေ့အထိ နှစ်စဉ် အစဉ်အလာမပျက် ရေကစားသူများ၊ စတုဒိသာအမျိုးမျိုး လှူဒါန်းကြသူများဖြင့် စည်ကားလျက်ရှိပြီး နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် ဘုရား၊ စေတီ၊ ဘုန်းတော်ကြီးကျောင်းများတွင် ဘုရားရေသပ္ပာယ်ခြင်းတို့ဖြင့် ကုသိုလ်ကောင်းမှူများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)