အစ္စလာမ္မာဘတ် ဧပြီ ၁၉
အီရန်နှင့် အမေရိကန် ဒုတိယအကြိမ် ဆွေးနွေးပွဲစတင်မကျင်းပမီ ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ္မာဘတ်နှင့် ရဝါပန်ဒီတို့တွင် လုံခြုံရေးများ တင်းကျပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နှစ်မြို့တွင် ရဲတပ်ဖွဲ့မှ လက်ဖြောင့်သေနတ်သမားတပ်ဖွဲ့ဝင်များအပါအဝင် ပါကစ္စတန်ရဲတပ်ဖွဲ့ဝင် ၂၀၀၀ ကို တာဝန်ချထားကြောင်း သိရသည်။
လှုပ်ရှားတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များအား တပ်လှန့်ထားပြီး ကင်မရာများဖြင့် စောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ပထမအကြိမ် ဆွေးနွေးပွဲကျင်းပစဉ်ကလည်း အလားတူ အစီအမံများကို ဆောင်ရွက်ခဲ့သည်။ ယခုကျင်းပမည့်ဆွေးနွေးပွဲတွင် အမေရိကန်တပ်ဖွဲ့ဝင်များကလည်း လုံခြုံရေးတာဝန်များထမ်းဆောင်မည်ဖြစ်သည်။ ယင်းမြို့နှစ်မြို့၌ လက်ရှိအချိန်တွင် ခရီးသည်နှင့် ကုန်ပို့ဆောင်ရေးလုပ်ငန်းများကို ရပ်ဆိုင်းထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ


