အောင်လံ ဧပြီ ၂၀
အောင်လံမြို့ မြို့မစည်ပင် သာယာဈေး (မြနန္ဒာစျေး)တွင် ဈေးပိတ်ချိန် မီးကြွင်းမီးကျန် မကျန်ရှိစေရေး၊ မီးသတ်ယာဉ် အရေးပေါ် ဝင်/ထွက်နိုင်စေရန် အမိုး/ဗီနိုင်းများ ဖြုတ်သိမ်းခဲ့ရန်၊ မီးခလုတ်များ သေချာပိတ်ခဲ့ရန်နှင့် ဆိုလာတပ်ဆင်ထားသည့် ဆိုင်ခန်းများတွင် စနစ်တကျ ဖြုတ်သိမ်းခဲ့ရန် အစရှိသော သတိပေး ဆော်ဩခြင်းများကို ယနေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
စစ်ဆေးဆောင်ရွက်
အဆိုပါ ဆော်ဩခြင်းကို အောင်လံမြို့ မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးထက်စည်သူနိုင်နှင့် သန္ဓေတပ်ဖွဲ့ဝင် ငါးဦး၊ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ စည်ပင်စျေးတာဝန်ခံနှင့် တာဝန်ရှိသူများက ပူးပေါင်းဆော်ဩစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုခန့်


