မြစ်ကြီးနား ဧပြီ ၂၀

 

ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြစ်ကြီးနားမြို့ ဧရာဝတီရှုခင်းသာအပန်းဖြေစခန်းတွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းက ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနား ကျင်းပသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားသည်။

 

ထို့နောက် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီး၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အတွင်းရေးမှူးနှင့်ဇနီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းမှ ဧရာဝတီမြစ်အတွင်းသို့ နှစ်လက်မအရွယ် ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ တစ်သိန်း၊ ရွှေဝါငါးကြင်းငါးသားပေါက်ကောင်ရေ နှစ်သိန်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ သုံးသိန်းကို ဇီဝိတဒါန ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်