ကျုံပျော် ဧပြီ ၂၀

 

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့ အင်းရဲလမ်းဆုံတွင် ဆောင်ရွက်ထားရှိသည့် “WE LOVE KYONPYAW” မြို့ဝင်ဆိုင်းဘုတ်သစ်ဖွင့်ပွဲကို ဧပြီ ၂၀ ရက် နံနက် ၈ နာရီက ပြုလုပ်သည်။

 

ဦးစွာ ဆိုင်းဘုတ်သစ်အား ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦး၊ ကျုံပျော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဝင်း၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်မောင်နိုင်နှင့် မြို့မိမြို့ဖ ဦးသိန်းမြင့်ဆောင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ယင်းနောက် စည်ပင်သာယာရေးဝန်ကြီးနှင့် ဧည့်သည်တော်များက “WE LOVE KYONPYAW” ဆိုင်းဘုတ်သစ်အား အမွှေးနံ့သာ ပက်ဖျန်းပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)