သရက် ဧပြီ ၂၀
သရက်မြို့ စည်ပင်သာယာဈေးတွင် စျေးပိတ်ချိန် လျှပ်စစ်မီးများ စနစ်တကျအသုံးပြုစေရေး၊ မီးခလုတ်များအစရှိသော သတိပေးဆော်ဩခြင်း၊ မီးဘေးလုံခြုံရေးစစ်ဆေးမှုများကို ယနေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဈေးပိတ်ချိန် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို သရက်မြို့နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဇော်လွင်မိုး ဦးဆောင်၍ မြို့နယ်လျှပ်စစ်၊ စည်ပင်စျေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကောင်းစစ်နိုင်


