ရန်ကုန် ဧပြီ ၂၀
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူ ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုငွေထုတ်ပေးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက အမှာစကားပြောကြားသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော No. 70/71 Water Pipe Ware-house (Popular) စက်ရုံမှ အာမခံ အလုပ်သမား ဦးအောင်သူရ၏ လုပ်ငန်းခွင်မှ အပြန်လမ်းခရီး၌ မတော်တဆ ထိခိုက်ခဲ့မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူ ငွေလုံးငွေရင်း အကျိုးခံစားခွင့် ငွေကျပ် ၁၄၈၁၂၅၀၀ ကို သေဆုံးသူ ၏ဖခင်ဖြစ်သူ ဦးဘလှိုင်ထံသို့ ရုံးခွဲတာဝန်ခံ၊ နယ်မြေတာဝန်ခံ၊ အလုပ်ဌာနတာဝန်ရှိသူများနှင့် WCC အဖွဲ့ဝင်များရှေ့တွင် လက်ဝယ်ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းသန်းအေး(ပြန်/ဆက်)


